ကျွန်တော့ကြောင်း
ကျွန်တော့နာမည်က လှပေါ်သိန်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ Web Developer တစ်ယောက်အနေနဲ့ သက်မွေးဝမ်းကျောင်းလုပ်နေသူ တစ်ယောက်ဖြစ်ပါတယ်။ Web Development ကို ၂၀၁၁ ဒါထက်မဟုတ် ၂၀၁၂ လောက်က Fairway မှာ စတင်တက်ရောက်ခဲ့ပါတယ်။ တစ်ခုခုကို လေ့လာတဲ့အခါ သင်တန်းလေးတက်လိုက်တာ ပိုကောင်းပါတယ်။ သင်တန်းက စာတစ်ခုတည်း သင်ပေးလိုက်တာမဟုတ်ပဲ developer နယ်ပယ်ထဲမှာ အတူတူလောက်လှမ်းမယ့် ဘောဒါတွေ၊ မိတ်ဆွေတွေပါရရှိမှာ ဖြစ်ပါတယ်။ ဆွေးမျိုးတွေထဲက သားသမီးတွေကို Web Development သင်ချင်တယ်ဆိုလို့ သင်ပေးရင်းနဲ့ တစ်ယောက်ပြီးတစ်ယောက် သင််ခိုင်းကြတော့ နောက်ပိုင်းမှာ ဒီ website လေးနဲ့ လုပ်ပေးမယ်လို့ စိတ်ကူးရတာနဲ့ လုပ်ဖြစ်တာ ဖြစ်ပါတယ်။ ဆွေးမျိုးတွေလိုပဲ တခြားလူတွေပါ လေ့လာချင်ရင် လေ့လာလို့ရအောင်အတွက် website ကို လွင့်လိုက်တာဖြစ်ပါတယ်။
အကူအညီ သင်သိလိုသောအချက်များ ကျွန်တော့အကြောင်း